မြန်မာ့ရုပ်ရှင်လောက အိမ်နီးချင်းနိုင်ငံများထက် နှစ် ၃၀ ခန့် နောက်ကျနေတယ်လို့ နေတိုးပြောပြီ

မြန်မာ့ရုပ်ရှင်လောက အိမ်နီးချင်းနိုင်ငံများထက် နှစ် ၃၀ ခန့် နောက်ကျနေတယ်လို့ နေတိုးပြောပြီ

Saturday, July 4, 2015

မြန်မာနိုင်ငံမှ ရုပ်ရှင်ရိုက်ကူးမှုနည်းပညာများသည် အားနည်းနေသည့်အပြင် နှစ်ပေါင်း(၃၀)ခန့်နောက်ကျနေကြောင်း သရုပ်ဆောင်အကယ်ဒမီနေတိုးက ၎င်း၏အမြင်ကို ပြောသည်။

“ကျွန်တော်တို့ ယိုးဒယားလောက်သွားပြီးတော့ Production သွားလုပ်တယ်ဆိုတောင်မှ သူတို့ကပြောကြပါ တယ်။ မင်းတို့ဇာတ်ကားတွေက လွန်ခဲ့တဲ့နှစ်(၂၀)ကျော်လောက်ကို ပြန်ရောက်သွားသလို သူတို့ခံစားရတယ်တဲ့ ရိုက်ကူးတဲ့ပုံစံတွေ၊ ဇာတ်လမ်းရဲ့ပုံစံတွေကလည်း အဲဒီလိုမျိုးပေါ့။ တကယ်တမ်းဆိုရင် ကျွန်တော်တို့နှစ်(၂၀) လောက်မဟုတ်ပါဘူး။ နှစ်(၃၀)လောက် နောက်ကျကျန်နေတာပေါ့နော်”ဟု သရုပ်ဆောင် နေတိုးက ပြောသည်။

အဖြူနှင့် အမဲ ရုပ်ရှင်ခေတ်နောက်ပိုင်းကတည်းက ရုပ်ရှင်ရုံများပျက်စီးသွားပြီး ဗီဒီယိုဇာတ်လမ်းများနှင့် အစား ထိုးခဲ့ရကာ အနုပညာလုပ်ငန်း လက်ခံနေသည့် အနုပညာရှင်များနှင့် အတတ်ပညာရှင်များ၌ တာဝန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“မသိလို့မလုပ်တာက ဘာမှမဖြစ်ဘူး။ သိရဲ့သားနဲ့ မလုပ်တာက ကိုယ့်တာဝန်မကျေရာကျတာပေါ့နော်။ အဲဒီ တော့ ကျွန်တော်တို့ကလည်း နည်းပညာကိုလေ့လာဖို့ လိုပါတယ်လေ။ နည်းပညာနဲ့ ပတ်သက်ပြီးတော့ ကိုယ့် အနုပညာ ကိုယ် ကိုယ်တိုင်စိတ်ကြိုက်နဲ့ ဖန်တီးခွင့်တစ်ခုရလာတဲ့ တစ်နေ့မှာတော့ ကိုယ်ဖန်တီးချင်တဲ့ ဇာတ် ကား ကိုယ်ဖန်တီးချင်တဲ့ အနုပညာ၊ ခေတ်မီမီကြည့်နိုင်တဲ့အရည်အသွေးတစ်ခုတည် ဆောက်မယ်၊ ဇာတ်လမ်း ပုံစံတွေကအစပေါ့”ဟု သရုပ်ဆောင်နေတိုးကပြောသည်။

၎င်းအနေဖြင့် ၂၀၁၄- ၂၀၁၅ ခုနှစ်တွင် အရည်အသွေးကောင်းမွန်သည့် ဇာတ်လမ်း (၂)ခုကို ဒါရိုက်တာအသစ် များနှင့် ရိုက်ကူးခဲ့ပြီးဖြစ်ကာ လက်ရှိရိုက်ကူးနေသည့် ဇာတ်လမ်းသည်လည်း ပရိသတ်များအား တတိယအကြိမ် မြောက်ယုံကြည်မှု အပြည့်အဝပေးနိုင်မည်ဖြစ်ကြောင်း ပြောသည်။

“ရှပ်ရှင်ဆိုတာလည်း နည်းပညာရဲ့အကူအညီကိုမယူဘဲနဲ့ လုပ်လိုမရဘူး။ အရင်တုန်းကအတိုင်းသာ သွားနေ မယ်ဆိုရင် ဘာမှတိုးတက်ပြောင်းလဲမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နည်းပညာတွေကို အာရုံစူးစိုက်မူလျော့ သွားစေနိုင်တယ်။ ကျွန်တော်တို့အနေနဲ့ ပစ္စည်းတွေဝယ်တယ်၊ အွန်လိုင်းကလည်း လေ့လာတယ်”ဟု ပြော သည်။

သရုပ်ဆောင်နေတိုးသည် ၂၀၀၀ ခုနှစ်နောက်ပိုင်းအနုပညာလောကတွင် သရုပ်ဆောင်တစ်ယောက်အဖြစ် လုပ် ကိုင်ခဲ့ပြီး “မိုးညအိပ်မက်မြူ”ဇာတ်ကားဖြင့် အကယ်ဒမီဆုကိုရရှိခဲ့ကာ လက်ရှိတွင်ရုံတင်ပြသနေသည့် “ကျွန်မ က နှင်းဆီပါမောင်”ဇာတ်ကားနှင့် ၂၀၁၅ ခုနှစ်အတွင်း ရုံတင်မည့် “ကျုးပစ်ရဲ့ ကျေးကျွန်များ”ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည်။

www.mmcities.com
www.facebook.com/mmcities
Credit to Shwe Myitmakha Media Group

 

Reposted By Daw Saw