မြန်မာမသန်စွမ်း အားကစားအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်မည်

မြန်မာမသန်စွမ်း အားကစားအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်မည်

Sat, 2015-07-04
အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့သည် တရုတ်နိုင်ငံသို့ လေ့ကျင့် မှုများ သွားရောက်ပြုလုပ်ရန် စီစဉ် ထားကြောင်း သတင်းရရှိသည်။
‘‘ဒီဇင်ဘာလအတွင်း ကျင်းပမယ့် စင်ကာပူအာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ၀င်ပြိုင်ဖို့ စီစဉ်ထားတဲ့ အားကစားနည်း ၁၀ မျိုးထဲက အားကစား နည်းငါးမျိုးက တရုတ်နိုင်ငံမှာ သုံး လခန့်သွားရောက်လေ့ကျင့်ဖို့ စီ စဉ်ထားပါတယ်’’ ဟု မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးပီတာက ပြော သည်။

အားကစားနည်း ၁၅ မျိုး ထည့်သွင်းကျင်းပမည့် (၈) ကြိမ် မြောက် အာဆီယံမသန်စွမ်း အား ကစားပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ စင်ကာပူ နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ နိုင်ငံမှ ပြေးခုန်ပစ်၊ ရေကူး၊ ဂိုး ဘော၊ အလေးမ၊ စားပွဲတင်တင်း နစ်၊ မြားပစ်၊ ခုနစ်ယောက်တစ်ဖက်ဘောလုံး၊ ဘိုစီယာ၊ မျက်မမြင်စစ်တုရင်၊ ၀ှီးချဲဘတ်စကက်ဘော စသည့် အားကစားနည်း ၁၀ မျိုး၌ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် အားကစားနည်း ၁၀ မျိုးအနက် ပြေးခုန်ပစ်၊ ရေကူး၊ ဂိုး ဘော၊ အလေးမ၊ စားပွဲတင်တင်း နစ် စသည့် အားကစားနည်း ငါး မျိုးကို လာမည့် သြဂုတ်လမှ စတင် ကာ တရုတ်နိုင်ငံ၌ သုံးလခန့် သွား ရောက်လေ့ကျင့်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ လေ့ကျင့်မှုအစီအစဉ်အတွက် တရုတ်နိုင်ငံ အားကစားဝန်ကြီးဌာနမှ ကမ်းလှမ်းခြင်း ဖြစ်ပြီး မြန်မာမသန်စွမ်း အားကစားအဖွဲ့အနေဖြင့် ပြည်ပနိုင်ငံ တွင် ပထမဆုံးအကြိမ် သွားရောက် လေ့ကျင့်မှုဖြစ်လာမည်ဖြစ်ကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူက ဆိုသည်။

အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအတွက် ရည်ရွယ်၍ မြန်မာမသန်စွမ်းအားကစားအဖွဲ့ သည် လက်ရှိတွင် ပဏာမလက်ရွေးစင် အားကစားသမား ၁၅၀ ဦးဖြင့် ရန်ကုန်မြို့ရှိ မြောက်ဒဂုံမသန်စွမ်းအားကစားလေ့ကျင့်ရေး စခန်း၌ လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။

www.mmcities.com
www.facebook.com/mmcities
Credit to 7Day Daily

Reposted By Daw Saw