ဆေးရုံတည်ဆောက်ပေးရေး ရခိုင်ပြည်နယ် ကျောက်တန်းရွာသားများ ဆန္ဒပြ

ဆေးရုံတည်ဆောက်ပေးရေး ရခိုင်ပြည်နယ် ကျောက်တန်းရွာသားများ ဆန္ဒပြ

Thursday, July 2, 2015

စစ်တွေခရိုင်၊ ရသေ့ တောင်မြို့နယ် ကျောက်တန်းရွာ တွင် တိုက်နယ်ဆေးရုံတည် ဆောက်ပေးရန် ကျေးရွာဒေသခံ ငါးရာကျော်က ရသေ့တောင်မြို့ ပေါ်သို့တက်၍ မြို့တစ်ပတ်ပတ် ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သ တင်းရရှိသည်။

ဇွန်လ ၃၀ ရက်က ပြုလုပ် ခဲ့သည့် အဆိုပါ ဆန္ဒထုတ်ဖော် ပွဲကို တရားဝင်ခွင့်ပြုချက်ဖြင့် ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်တန်း နယ်မြေ တိုက်နယ်ဆေးရုံရရှိရေး ဒို့အရေး၊ မျှတမှု မရှိသော စီမံခန့် ခွဲမှု အလိုမရှိစသည့် ဆိုင်းဘုတ် များကိုင်ဆောင်ကာ ဆန္ဒထုတ် ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ကျောက်တန်းကျေးရွာသည် ကျေးလက်ပြည်သူ့ကျန်းမာရေး ဌာနသာရှိပြီး အရေးပေါ်လူနာ များအတွက် ကျန်းမာရေးကုသမှု ခံယူရန် ရသေ့တောင်ပြည်သူ့ ဆေးရုံကိုသာ အားထားနေရ သည်။ ကျောက်တန်းကျေးရွာသည် ရသေ့ တောင်မြို့နှင့် ရေမိုင်နှစ်ဆယ်ကျော်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးတွင် လှေများကိုသာ အားထားနေရသဖြင့် သွားလာရန် အခက်အခဲများစွာရှိနေ ကြောင်း ဒေသခံများက ပြော သည်။ ‘‘ကျွန်တော်တို့ရွာမှာ လူဦး ရေလေးသောင်းကျော် နေထိုင်ပါ တယ်။ ကျန်းမာရေးစောင့်ရှောက် မှုက ကျေးလက်ကျန်းမာရေးဌာန တစ်ခုသာရှိတဲ့အတွက် အဆင် မပြေပါဘူး။ အဲဒီအတွက် တိုက် နယ်ဆေးရုံတစ်ရုံရအောင် ဆန္ဒ ထုတ်ဖော်ရတာ ဖြစ်ပါတယ်’’ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့ သူ ဦးကျော်သန်းက ပြောသည်။
ဆန္ဒဖော်ထုတ်နေသော ကျောက်တန်းရွာသားများ

www.mmcities.com
www.facebook.com/mmcities
Credit to 7Day Daily

Reposted By Daw Saw